ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ ဘုရားကြီးကျေးရွာအုပ်စု မြောက်သံကြိုးကျေးရွာ၌ မိသားစုဝင်ငွေတိုးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ စတုတ္တအကြိမ် ထုတ်ချေး ပေးခြင်းကို အောက်တိုဘာလ ၁၇ ရက်က ဆောင်ရွက်သည်။
ရှေးဦးစွာ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးနိုင်လင်းက ကျေးလက်နေပြည်သူများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးရခြင်း အကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းတာဝန်ခံက အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက် များ၊ ချေးငွေထုတ်ချေးရတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက မြောက်သံကြိုးကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ ၆၆ ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း ငွေကျပ် သိန်း ၃၇၀ ကို ထုတ်ချေးပေးခဲ့ကြောင်း အဆိုပါဦးစီးဌာနရှိတာဝန်ရှိသူများထံမှ သိရသည်။