Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သုံးခွမြို့နယ်၊ ကျေးလက်ရုံးတွင် ခရိုင်ဦးစီးမှူးနှင့်အဖွဲ့ ဝန်ထမ်းများနှင့်တွေ့ဆုံ ရဲနွဲ့ကျေးရွာ၌ ရေကန်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

07 October 24

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး  ဒေါ်အေးအေးကြူ၊ ခရိုင်တာဝန်ခံအင်ဂျင်နီယာတို့ပါဝင်သောအဖွဲ့သည် သုံးခွမြို့နယ် ကျေးလက်ရုံးတွင် ဝန်ထမ်းများနှင့် အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီခွဲက တွေ့ဆုံဆွေးနွေးခဲ့ ကြောင်းသိရသည်။

          ပထမဦးစွာ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဝန်ထမ်းများအား ဌာန၏ရည်မှန်းချက်များ တိုင်းဒေသကြီးမှ လမ်းညွှန်မှာကြားချက်များကို ရှင်းလင်း ပြောကြားပြီး ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာကာ လုပ်ငန်းတာဝန်များကိုကျေပွန်စွာ ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

          ထို့နောက် မြစိမ်းရောင်စီမံကိန်းကျေးရွာများဖြစ်သော သုံးခွအနောက်ကျေးရွာ၊ ကံမြင့် ကျေးရွာ  နှင့် ရဲနွဲ့ကျေးရွာတို့တွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံပြီး စာရင်းဇယားများကို မှန်ကန်စွာဖြည့်စွတ်ကာ စနစ်တကျထိန်းသိမ်းရန်ပြောကြားခဲ့သည်။

          ဆက်လက်၍ ရဲနွဲ့ကျေးရွာ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စိန်တံတိုင်းကုမ္ပဏီမှ တင်ဒါအောင်မြင်ဆောင်ရွက်ပြီးစီးခဲ့သော ရေကန်ခြံစည်းရိုးကာရံခြင်းနှင့် ဆက်စပ်လုပ်ငန်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။