မိတ္ထီလာ အောက်တိုဘာလ ၅ ရက်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မိတ္ထီလာမြို့နယ်၊ တောမကျေးရွာအုပ်စု၊ ဥယျာဥ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်း၊ မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက နို့စားနွားမွေးမြူရေးလုပ်ငန်းအဖွဲ့နှင့်အတူ ဥယျာဥ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် နို့စားနွားမွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက မြစိမ်းရောင်စီမံကိန်းဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းရေရှည်တည်တံ့အောင်မြင်စေရေးအတွက် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။