Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မင်းဘူးမြို့နယ် လက်ခုပ်ပင် ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး

02 October 24

မင်းဘူးမြို့နယ် လက်ခုပ်ပင် ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး

မင်းဘူး အောက်တိုဘာ ၂

          မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် လက်ခုပ်ပင် ကျေးရွာအုပ်စု၊ လက်ခုပ်ပင် ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်း က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် ၊ မင်းဘူး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို   နှင့်  တာဝန်ခံ အင်ဂျင်နီယာများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ လက်ခုပ်ပင် ကျေးရွာ ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီအရည်အသွေး ပြည့်မီစေ ရေး အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ‌အဆိုပါ  ကျေးရွာ၌ ကျေးရွာတွင်းလမ်း အရှည် ပေ ၅၅၀ ၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို VDP စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၅၀ ၊ပြည်သူထည့်ဝင်ငွေ ၁၅ သိန်း၊စုစုပေါင်း ရန်ပုံငွေ ၁၆၅ သိန်း အသုံးပြုကာ  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက  နည်းပညာ ပံ့ပိုးမှု၊အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်  ယခုနှစ် ဩဂုတ်လ ၁၃ ရက် က   စတင် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်းဆောင်ရွက်မှုမှာ ၃၀  ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ၊ အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးပါက လက်ခုပ်ပင် ကျေးရွာရှိ ကျေးလက်‌ပြည်သူများ ခရီးသွားလာရာတွင် အဆင်ပြေလွယ်ကူမည် ဖြစ်ကြောင်း မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်ထံမှ သိရသည်။