Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေး

30 September 24

 

       ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်​ တပ်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းခေတ်မီစံပြ ကျေးရွာတွင် မော်လမြိုင်ကျွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ မိသားစုဝင်ငွေတိုးအခြားလုပ်ငန်းများလုပ်ကိုင်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုကိုလျော့ချရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများအား ပထမအကြိမ် ထုတ်ချေးခြင်းကို စက်တင်ဘာလ ၂၇ရက် မွန်းလွဲ ၁နာရီက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ကြောင်းသိရသည်။

      ရှေးဦးစွာ​‌ မော်လမြိုင်ကျွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်မှ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေသည်​ကျေးရွာပိုင်၊ အများပိုင်​ငွေကြေးတစ်ရပ်ဖြစ်ကြောင်း၊ စီမံကိန်းရန်ပုံငွေဖြင့် မိသားစု ဝင်ငွေတိုးလုပ်ငန်းများ​ဆောင်ရွက်နိုင်သဖြင့် ဆင်းရဲမှုကိုလျော့ချလာနိုင်ခြင်းဖြစ်ကြောင်း အသင်းသူ အသင်းသားများအား ရှင်းလင်းပြောကြားခဲ့သည်။

      ဆက်လက်ပြီး မြစိမ်းရောင်စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးမြတ်သူမှ ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှ (ပထမ)ကြိမ် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြဖြစ်ကြောင်း၊ စီမံကိန်းကြောင့် ကျေးရွာရှိ အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှု အားကောင်းလာခြင်း၊ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်း၊ အတိုးရငွေများဖြင့် ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်များဆောင်ရွက်နိုင်ခြင်းစသည့် စီမံကိန်း၏အကျိုးကျေးဇူးများအား မိမိတို့ ကျေးရွာပြည်သူများမှ ရရှိတော့မည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

      ထို့နောက် ကွမ်းခြံချောင်းခေတ်မီစံပြ ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၅)ဦးအား ငွေကျပ် (၂၂)သိန်းကျပ်၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၂၄)ဦးအား ငွေကျပ် (၇၀)သိန်းကျပ်၊​ရေလုပ်ငန်းလုပ်ကိုင်သူ(၂၇)ဦးအား​ငွေကျပ် (၇၇)သိန်းကျပ်၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၄၃)ဦးအား ငွေကျပ် (၁၃၁)သိန်း စုစုပေါင်းငွေကျပ် (၃၀၀)သိန်းအား မော်လမြိုင်ကျွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် ဝန်ထမ်းများ၊ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များမှ  စီမံကိန်းရန်ပုံငွေများအား တစ်ဦးခြင်း စနစ်တကျထုတ်ချေးပေးခဲ့ကြကြောင်းသိရသည်။