Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

သုံးခွမြို့နယ်၊ ကျေးလက်ရုံးတွင် VDP ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

30 September 24

သန်လျင်ခရိုင်၊သုံးခွမြို့နယ်၊အမှတ် ၈ ရပ်ကွက်ရှိ  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ရုံးအစည်းအဝေးခန်းမတွင် ၂၀၂၄-၂၀၂၅ခုနှစ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း  VDP ဆောင်ရွက်မည့် ကျေးရွာ ၁၀ရွာကို ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပသည်။

          ရှေးဦးစွာ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP နှင့်ပတ်သက်၍လည်းကောင်း၊ ဦးစီးအရာရှိ( နည်းပညာ) ဒေါ်ယမင်းသူက စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကွန်ကရစ်လမ်းများ ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျေးလက်ဌာနမှ နည်းပညာပံ့ပိုးကူညီမည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် သာဂရ၊ သမစိတ္တ၊ ပလောဝ၊ တပိုးတန်း၊ ကရင်စု၊ လက်ပန်ချောင်၊ ဖရုံကန်၊ကျားဘို၊ လသာကုန်း၊မိချောင်းခေါင်းကျေးရွာတို့ကို ကျေးရွာ တစ်ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၅၀ သိန်းဖြင့် စုစုပေါင်းကျပ်သိန်း ၁၅၀၀ ကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်နှင်းချို နှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ရာ ကျေးရွာ ၁၀ရွာ အုပ်ချုပ်ရေးမှူးများနှင့် VDP စီမံကိန်းကော်မတီဝင်နှစ်ဦးတို့က လက်ခံရယူကြကြောင်းသိရပါသည်။