သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ညိုညိုဝင်းနှင့် အဖွဲ့သည် ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် ရေတာရှည်မြို့နယ်၊ ပတောက်ခင်ကျေးရွာနှင့် နန်ချွန်တောင်ကျေးရွာရှိ ဖွံ့ဖြိုးရေးလုပ်ငန်း များ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါ ပတောက်ခင်ကျေးရွာနှင့် နန်ချွန်တောင်ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းကို ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) နိုင်ငံတော်ထောက်ပံ့ငွေဖြင့် ၂၀.၆.၂၀၂၄ ရက်နေ့ တွင် လုပ်ငန်းစတင်ပြီး ၈.၈.၂၀၂၄ ရက်နေ့တွင် လုပ်ငန်းပြီးစီးပြီးဖြစ်ပါ၍ ကျေးရွာသူ/ သား တို့ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေခေျာမွေ့စွာသွားလာနိုင်ပြီဖြစ်ပါသည်။