ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ အလယ်ကုန်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ချေးငွေများအား( ၂၇.၉.၂၀၂၄ )ရက်နေ့ ကော်မတီ၏ နေအိမ်တွင် ကျေးရွာရှိ အသင်းသူ/သား( ၄၇ )ဦး၊ ထုတ်ချေးငွေ( ၂၅၈ )သိန်းအား အသင်းသူ/သားများ လက်ဝယ် အရောက် မြို့နယ်ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇွန်အောင် နှင့် တာဝန်ရှိသူများမှ ကြီးကြပ်ခဲ့၍ ကျေးရွာကော်မတီများမှ ထုတ်ချေးခဲ့ကြောင်း၊ အဆိုပါအလယ်ကုန်းကျေးရွာတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ပဉ္မမအကြိမ်မြောက် လည်ပတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစီမံကိန်းကြောင့် ကျေးရွာ၏ စီးပွားရေး၊ ကုန်ထုတ်လုပ်မှုများ တိုးတက်လာပါကြောင်း သတင်းရရှိပါသည်။