Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာ‌သစ်ကျေးရွာ၌မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်းစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများ ကွင်းဆင်း စစ်ဆေး

23 September 24

  ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၃)ရက်

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည်  ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာ‌သစ်ကေျးရွာ၌ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ စံပြကေျးရွာထူထောင်ခြင်းစီမံကိန်းရန်ပုံငွေဖြင့်  ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများနှင့်  Green House စနစ်ဖြင့်ဆောင်ရွက်သည့် စိုက်ပျိုးရေးလုပ်ငန်းများအား စက်တင်ဘာလ  ၂၀ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့စေရန် ရွာသူ/ရွာသားများအား လမ်းညွှန်မှာကြားခဲ့ပါသည်။