Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မကျက်ကြီးကျေးရွာ စပါး/ပဲ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်းအသိပညာပေးသင်တန်း

13 September 24

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ခေတ်မီစံပြကျေးရွာစီမံကိန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မကျက်ကြီးကျေးရွာအုပ်စု၊ မကျက်ကြီးကျေးရွာ၌ စပါး/ပဲ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်း အသိပညာပေးသင်တန်းအား (၁၂.၉.၂၀၂၄)ရက်နေ့တွင် သင်ကြားပို့ချခဲ့ပါသည်။

          အဆိုပါစီမံကိန်းအား ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်တွင် ခေတ်မီစံပြကျေးရွာစီမံကိန်း စတင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မကျက်ကြီးကျေးရွာအုပ်စု၊ မကျက်ကြီးကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းချိတ်ဆက်၍ စပါး/ပဲမျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်းအသိပညာ ပေးသင်တန်း ဖွင့်လှစ်မှုအား ကဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ     မြို့နယ်ဦးစီးမှူးက အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံ ဝန်ထမ်းများက စပါးနှင့်ပဲ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်း အသိပညာပေး သင်တန်းအား ကျေးရွာသူ/သားများနှင့် တောင်သူလယ်သမားများ တက်ရောက်ကြပါသည်။