Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကော့မှူးမြို့နယ် ပျဉ်းကတိုးကျေးရွာ ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေထုတ်ချေး

10 September 24

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်  ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်မိသားစု စီးပွားရေးလုပ်ငန်းများဆောင်ရွက် နိုင် စေရန် ရည် ရွယ် ၍ ပျဉ်းကတိုးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်  ရန်ပုံငွေထုတ်ချေး ခြင်းကို စက်တင်ဘာလ ၇ ရက်နံနက်ပိုင်း ကအဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        ရှေ့ဦးစွာ    ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး    ဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးတင်ကိုလတ် က မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို ရှင်းလင်း ပြော ကြားပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းများက ရန်ပုံငွေထုတ်ချေးရာတွင် လိုက်နာရ မည့်စည်းကမ်း ချက်များ နှင့်   အတိုးနှုန်းကာလ သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

        ထိုနောက်  ကော့မှူးမြို့နယ်  ကျေးလက်ဒေသဖွံ့ဖြိုး    တိုးတက်ရေး  ဦးစီးဌာန စီမံကိန်း  တာဝန်ခံ ဝန်ထမ်း များနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ပျဉ်းကတိုးကျေးရွာရှိ   စိုက်ပျိူးရေး ၊ မွေးမြူရေး ၊ အခြားလုပ်ငန်း  နှင့် အရောင်းအဝယ် လုပ်ကိုင်သူ ၂၀၄ ဦးကိုငွေကျပ် ၃၈ ဒသမ ၁၆ သန်း ထုတ်ချေးပေးခဲ့ကြောင်း ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှသိရသည်။