Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

Mobile Financial Payment စနစ်ဖြင့်မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများထုတ်ချေး

04 September 24

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ၊မွေးမြူရေးလုပ်ငန်းများအပြင်မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန်အတွက် ဆီဆုံကျေးရွာအုပ်စု၊သရက်အုပ်ကျေးရွာတွင်Mobile Financial Payment စနစ်ဖြင့်မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဉ္စမနှစ်စီမံကိန်းစက်ဝန်းထုတ်ချေးခြင်းကို စက်တင်ဘာလ ၄ ရက် မွန်းလွဲ ၁၂နာရီတွင်အဆိုပါကျေးရွာ၏ ကျေးရွာခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရပါသည်။

ရှေးဦးစွာသာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝတ်ရည်စိုးနှင့်တာဝန်ခံဝန်ထမ်းများမှ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများထုတ်ချေးခြင်းရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ စီမံကိန်းအကြောင်းအရာများလိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးလုပ်ငန်းအတွက် အသင်းသား (၁၁)ဦးအား ချေးငွေ (၇.၁၅)ကျပ်သန်း ၊မွေးမြူရေးလုပ်ငန်းအတွက် အသင်းသား(၃)ဦးအား ချေးငွေ (၁.၇)ကျပ်သန်း၊ရေလုပ်ငန်းအတွက် အသင်းသား(၃၃)ဦးအား ချေးငွေ (၁၆.၈၅)ကျပ်သန်း၊အရောင်းအဝယ်လုပ်ငန်းအတွက်အသင်းသား(၁၂)ဦးအား ချေးငွေ (၈.၂၅)ကျပ်သန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် အသင်းသား(၉)ဦးအား (၅.၅၅)ကျပ်သန်း အားအတိုးနှုန်း(၁)ကျပ်ဖြင့် စုစုပေါင်း အသင်းသား (၆၈)ဦးအား ချေးငွေ (၃၉.၅၀)ကျပ်သန်းဖြင့် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။