တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကော့သောင်းမြို့နယ် အော်ကြီးကျေးရွာအုပ်စု ဟတ်စဒင်းကျေးရွာတွင် လက်တူးတွင်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဘန်းကချွန်ကျေးရွာအုပ်စု ၁၅မိုင် ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် အိမ်သွယ်ရေတိုင်သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ကော့သောင်းခရိုင်ဦးစီးမှူး ဒေါ်စန္ဒာဝင်း၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇော်လတ် နှင့်အတူ ဌာနအင်ဂျင်နီယာ ဝန်ထမ်းများက ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ပြီး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာအိမ်ခြေ ၁၇၈ အိမ်၊ လူဦးရေ ၉၉၃ ဦးတို့အတွက် အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပြီး လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။