Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် ချေးငွေများထုတ်ချေး

29 August 24

        တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျောက်ဖျာကျေးရွာ၌ စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် ပထမအကြိမ်ချေးငွေများ ပြန်လည်ထုတ်ချေးပေးခြင်းကို ဩဂုတ်လ ၂၈ ရက်တွင် အဆိုပါကျေးရွာ၌ ကျင်းပသည်။

       ရှေးဦးစွာ မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက ကျောက်ဖျာကျေးရွာရှိ ကျေးရွာတာဝန်ရှိသူများ၊ မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များ ၊ အသင်းသား ၊အသင်းသူများနှင့်တွေ့ဆုံပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲ‌ပြောင်းပေးအပ်ခြင်းနှင့် ပထမအကြိမ်ချေးငွေများ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ စီမံကိန်းလက်စွဲစာစောင်ပါ အကြောင်းအရာ များ၊ စီမံကိန်းကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ ရန်ပုံငွေလွှဲပြောင်းပေးအပ်မှု သဘောတူစာချုပ်ပါ အကြောင်းအရာများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ ကျေးလက်နေပြည်သူများ၏ တာဝန်နှင့် ခံစားခွင့်များ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းပြောကြားသည်။

         ထို့နောက် မြို့နယ်ဦးစီးမှူးက ကျောက်ဖျာကျေးရွာရှိ မြစိမ်းရောင်ကျေးရွာလုပ်ငန်း အဖွဲ့ဝင်များထံ စီမံကိန်းရန်ပုံငွေကျပ် ၃၀ သန်းကို လွှဲပြောင်းပေးအပ်သည်။

     ဆက်လက်၍ မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များက ကျောက်ဖျာကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၅ ဦးအတွက် ငွေကျပ် ၉ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၅ ဦးအတွက် ငွေကျပ် ၉ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၅၇ ဦးအတွက် ငွေကျပ် ၁၁ ဒသမ ၄ သန်း စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၄၇ဦးအတွက် ငွေကျပ် ၂၉ ဒသမ ၄ သန်းကို တစ်ဦးချင်းလက်ဝယ်အရောက်ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။