Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ခရမ်းမြို့နယ်၊ ကင်မွန်းခြုံ ကျေးရွာ၌ မြေသားရေကန်အနက်နှိုက် တူးဖော်ခြင်းလုပ်ငန်းများ ရာနူန်းပြည့်ဆောင်ရွက်ပြီးစီးမှုစစ်ဆေး

29 August 24

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  ၊ ရန်ကုန်းတိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရေရှားပါးသည့် ကျေးရွာများအား  နွေရာသီကာလ ရေရှားမှုကို ကြိုတင်ကာကွယ်ရန်  ရည်ရွယ်၍    မြေသားရေကန် အနက်နှိုက် တူးဖော်ခြင်းလုပ်ငန်းများ ရာနူန်းပြည့် ဆောင် ရွက် ပြီးစီးမှု အခြေအနေများကို ယနေနံနက်ပိုင်းက တာဝန်ရှိသူများမှ  ကင်မွန်းခြုံကျေးရွာ၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာ ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင် နှင့် အင်ဂျင်နီယာ ဝန်ထမ်းများ သည် ကင်မွန်းခြုံ ကျေးရွာ တွင်  အလျား ၂၈၀ပေ ၊အနံ ၂၂၀ပေ၊အနက် ၃ပေ ရှိ‌ မြေသားရေကန် အနက်နှိုက်  တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု့ စစ်ဆေးပြီး မြို့နယ်ဦးစီးမှူး က  ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ  ဆောင်ရွက်ပြီး  မြေသားရေကန်အား ရေရှည်တည်တံ အောင် ထိန်းသိမ်းကြရန်  ဆွေးနွေးမှာကြားပြီးကျေးရွာ‌တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနိူင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မြေသားရေကန်  အနက်နှိုက် တူးဖော်ခြင်းလုပ်ငန်းများ ကို ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုရအဖွဲ့ ရခွင့်ပြုရန်ပုံ ငွေကျပ်(၂၉ဒသမ ၂၁)သန်းဖြင့် ဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများနှင့် ကျေးရွာသူ/သားများ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ  ယခုအခါ လုပ်ငန်းများ ၁၀၀% ပြီးစီပြီဖြစ်ပါ၍ ယခုလက်ရှိရေရောက်ရှိမူ အခြေအနေအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး  အဆိုပါကျေးရွာရှိ  ကျေးလက်နေပြည်သူများအတွက် နွေရာသီကာလအတွင်း ရေရှားပါးသည့် ပြသာနာများပြေလည်ကာ  သန့်ရှင်းသော  သောက်သုံးရေများ ရာသီမရွေးဖူလုံစွာရရှိ‌မည် ဖြစ်ကြောင်း ခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ထားထားနိုင် ထံ မှသိ ရသည်။