ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ကျီးချောင်းကျေးရွာအုပ်စု၊ ဗြိတ္တာကြီးကျေးရွာနှင့် ကျောက်တန်းကြီးကျေးရွာအုပ်စု၊ တဲကြီးစုကျေးရွာတို့ တွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ဩဂုတ် ၂၁ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်ကျော်သူ၊မြို့နယ်စီမံကိန်းတာဝန်ခံဝန်ထမ်းများက ဗြိတ္တာကြီးကျေးရွာ နှင့် တဲကြီးစုကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေအား တိုင်းတာစစ်ဆေးခဲ့ကြပြီးနောက် မြို့နယ်ဦးစီးမှူး ဦးမြတ်ကျော်သူမှ ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များအား ကွန်ကရစ်လမ်းအား အကျိုးရှိစွာတန်ဖိုးထားအသုံးပြုကြရန်နှင့် AGVDbNVutgwiep6615bjTJnQkScwWuUEMuU95NredRG5 နည်းလမ်းများအား အကြံပြုပြောကြားခဲ့သည်။
ဗြိတ္တာကြီးကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသည် အရှည်ပေ ၈၃၂ပေ အကျယ်ပေ ၆ပေ ထု ၆ လက်မ ဖြစ်ပြီး မြစိမ်းရောင်စီမံကိန်း အတိုးရငွေကျပ်(၁၃.၅)သန်း ဖြင့် ဇူလိုင်လ ၁ရက်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သဖြင့် ကျေးရွာရှိ အိမ်ထောင်စု ၁၄၆ စု၊ လူဦးရေ ၇၈၇ ဦးတို့သည် အဆိုပါကွန်ကရစ်လမ်းအားရာသီမရွေးအသုံးပြုနိုင်သည့်အတွက် ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးလာမည်ဖြစ်ကြောင်း လပွတ္တာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
တဲကြီးစုကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသည် အရှည်ပေ ၄၃၀ ပေ အကျယ်ပေ ၆ပေ ထု ၆ လက်မ ဖြစ်ပြီး မြစိမ်းရောင်စီမံကိန်း အတိုးရငွေကျပ်(၇.၀)သန်း ဖြင့် ဇူလိုင်လ ၁ရက်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သဖြင့် ကျေးရွာရှိ အိမ်ထောင်စု ၁၀၈ စု၊ လူဦးရေ ၄၄၇ ဦးတို့သည် အဆိုပါကွန်ကရစ်လမ်းအားရာသီမရွေးအသုံးပြုနိုင်သည့်အတွက် ကျေးရွာ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးလာမည်ဖြစ်ကြောင်း လပွတ္တာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။