Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းကျေးရွာ၌ လူထုတွေ့ဆုံပွဲကျင်းပ

27 August 24

မော်လမြိုင်ကျွန်း                                ဩဂုတ် ၂၇
               ဧရာဝတီတိုင်းဒေသကြီး၊​လပွတ္တာခရိုင်​‌ေမာ်လမြိုင်ကျွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့်  တပ်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာထူထောင်ရေး(Smart Village) စီမံကိန်းကျေးရွာ၌ လူထုတွေ့ဆုံပွဲအခမ်းအနားကို ဩဂုတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
                 ရှေးဦးစွာ မော်လမြိုင်ကျွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်မှ  ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာထူထောင်ရေး(Smart Village) စီမံကိန်းကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကဏ္ဍကြီး(၆)ရပ်မှ လုပ်ငန်းများရွေးချယ်ထားရှိမှုများနှင့် ကျေးရွာအချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။
                    ထို့နောက် ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်မှ  ခေတ်မီစံပြကျေးရွာထူထောင်ရေး‌ကော်မတီဝင်များ၊ ကျေးရွာ‌ ကျေးလက်စီးပွားမြင့်မား‌ရေးရန်ပုံ‌ငွေလုပ်ငန်းအဖွဲ့ဝင်များ၊ ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် ကျေရွာပြည်သူများအား စီမံကိန်းအသီးသီး၏လုပ်ငန်းစဉ်များ၊ ရည်ရွယ်ချက်များနှင့် မူဝါဒများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျေးရွာကော်မတီဝင်များ၏  သိရှိလိုသည်များအား ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။
                          ဆက်လက်ပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်နှင့် တာဝန်ရှိသူများက ကွမ်းခြံချောင်းခေတ်မီစံပြကျေးရွာထူထောင်ရေး(Smart Village) စီမံကိန်းကျေးရွာ၌  ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီးနောက် တိုင်းဒေသကြီးဦးစီမှူးမှ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း မော်လမြိုင်ကျွန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။