Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဟင်္သာတမြို့နယ် ဘောင်ချောင်းရိုး ကျေးရွာ ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး

26 August 24

ဟင်္သာတမြို့နယ်  ဘောင်ချောင်းရိုး ကျေးရွာ ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု စစ်ဆေး

ဟင်္သာတ ဩဂုတ် ၂၆

          ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေဖြင့် ဆိပ်ကြီး ကျေးရွာအုပ်စု၊ ဘောင်ချောင်းရိုး ကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဟင်္သာတ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ အရှည်ပေ ၅၀၀ ၊ အကျယ်‌ ၇ ပေ  ၊ အမြင့် ခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး  ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း က ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ ခိုင်မြဲအောင် ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

          ဘောင်ချောင်းရိုး ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က  အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ဖြင့် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ၊ လက်ရှိတွင် စီမံကိန်းအတိုးရငွေ၏ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၉၀ သိန်း၊ ပြည်သူထည့်ဝင် ငွေ  ၆ သိန်း၊စုစုပေါင်း ၉၆  သိန်း  အသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏  နည်းပညာပံ့ပိုးမှု ၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ကျေးရွာသားများ ကိုယ်တိုင် ယခုနှစ် ဧပြီ လ ၂၆ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်‌ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်  ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း  ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း က ပြောပြ၍ သိရသည်။

            ဇင်မာ