Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မင်းဘူးမြို့နယ် မုတ်ခဲ ကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများ ပဉ္စမ အကြိမ် ထုတ်ချေး

23 August 24

မင်းဘူးမြို့နယ် မုတ်ခဲ ကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေများ ပဉ္စမ အကြိမ် ထုတ်ချေး

မင်းဘူး ဩဂုတ် ၂၃

          မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ များ ပဉ္စမ အကြိမ် ထုတ်ချေးခြင်းကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက မုတ်ခဲ ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          ရှေးဦးစွာ မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် မုတ်ခဲ ကျေးရွာရှိ လုပ်ကွက်ငယ်တောင်သူများ ၊စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများ လိုအပ်သည့် ငွေကြေးအရင်းအနှီးရရှိစေရန် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ကျေလက်ဥပဒေ၊နည်းဥဒေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ကော်မတီများထံ လည်ပတ်ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ခဲ့သည်။

          ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ကော်မတီဝင်များက ပေါင်း ကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၁ ဦးထံသို့ ရန်ပုံငွေ  ၁၉၁ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂  ဦးထံသို့ ရန်ပုံငွေ ၁၄  သိန်း ၊အရောင်အဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁ ဦးထံသို့ ရန်ပုံငွေ ၅ သိန်း စုစုပေါင်း အသင်းသူ/သား ၅၄  ဦးထံသို့ ရန်ပုံငွေ ၂၁၀  သိန်း ကို တစ်ဦးချင်း ထုတ်ချေးပေးခဲ့ကြောင်းမင်းဘူး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကို ထံမှ သိရသည်။

            ဇင်မာ