Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မအူပင်ခရိုင်အတွင်းရှိ ကျေးရွာပေါင်း (၂၀၆) ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

22 August 24

 

မအူပင်ခရိုင်အတွင်းရှိ ကျေးရွာပေါင်း (၂၀၆) ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

မအူပင်    ဩဂုတ်လ ၂၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ခရိုင် အတွင်းရှိ    မအူပင်မြို့နယ် ၊ ပန်းတနော်မြို့နယ် ၊ ညောင်တုန်းမြို့နယ် နှင့် ဓနုဖြူမြို့နယ် (၄) မြို့နယ်တို့တွင် မြစိမ်းရောင်စီမံကိန်း ကျေးရွာ (၂၄) ရွာ၌ မြစိမ်းရောင်အတိုးရငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းပေါင်း (၁၆) ခု ကို စီမံကိန်း အတိုးရငွေကျပ် (၁၉၅.၇၀၂၇) သန်း ၊ ပြည်သူထည့်ဝင်ငွေကျပ် (၃၇.၂) သန်း၊ စုစုပေါင်းငွေကျပ် (၂၃၂.၉၀၂၇) သန်းဖြင့်လည်းကောင်း ၊ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာပေါင်း (၃၇)ရွာတွင်ငွေကျပ်(၆၉၀.၇၇)သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိပါသည်။ 

မအူပင်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ် တွင် ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ်မှ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်အထိ မြစိမ်းရောင်စီမံကိန်း ကျေးရွာ (၂၅၉) ယူနစ် အား မတည်ရန်ပုံငွေ (၇၃၉၅၁.၂၀၃၇) သန်း ဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ စီမံကိန်းအတိုးရငွေ (၁၈၇၄.၄၇၂၅၉၅) သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် (၃၉၀.၁၁၇၇၆၉)သန်း ၊စုစုပေါင်း ငွေကျပ် (၂၂၆၄.၅၉၀၃၆၄) သန်း ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ( ၁၉၅) ခု ဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်း (၄) ခု၊ ကျေးလက်မီးလင်းရေးလုပ်ငန်း (၆၁) ခု၊ ကျေးရွာတွင်းလမ်းနှင့် ကျေးရွာချင်းဆက်လမ်း (၁၁၅) ခု၊ ကွန်ကရစ်တံတား၊ တံတားကမ်းခပ်ခုံ နှင့်ရေပေါ်ဘောတံတား (၅) ခု နှင့် အခြားလုပ်ငန်း (၁၀) ခု စုစုပေါင်း (၁၉၅) ခု အား ရာနှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

ထို့အတူ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ကို ကျေးရွာ (၃၇) ရွာတွင် ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ကျေးရွာတွင်းလမ်းနှင့် ကျေးရွာချင်းဆက်လမ်း (၃၆) ခု ကျေးလက်မီးလင်းရေးလုပ်ငန်း (၂) ခု စသည့် လုပ်ငန်းပေါင်း (၃၈) ခုတို့အား စီမံကိန်း ထောက်ပံ့ငွေကျပ် (၅၅၅.၀၀) သန်း နှင့် ပြည်သူ့ထည့်ဝင်ငွေကျပ် (၁၃၅.၇၇) သန်း ၊ စုစုပေါင်းငွေကျပ် (၆၉၀.၇၇) သန်း ဖြင့် ဇူလိုင်လ ပထမပတ်တွင် လုပ်ငန်းများစတင် အကောင်အထည်ဖော်​ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ အားလုံး (၄၂.၈၄) ရာခိုင်နှုန်း ခန့် ပြီးစီးနေ ပြီး အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက မအူပင်ခရိုင်အတွင်းရှိ ကျေးရွာပေါင်း (၂၀၆) ရွာတို့မှ ဒေသခံအိမ်ခြေ ( ၃၂၁၉၂) ၊ လူဦးရေ (၁၃၈၅၄၇) ဦး တို့၏ ပညာရေး ၊ ကျန်းမာရေး၊ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။