ကော့မှူးမြို့နယ် ရေတာရှည်ကျေးရွာ၌ VRFP စီမံကိန်းရန်ပုံငွေ ပဉ္စမအကြိမ် ထုတ်ချေး
*********************************
ကော့မှူး ဩဂုတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးခရိုင်၊ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူရေးနှင့် အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ လိုအပ်သောငွေကြေးအရင်းအနှီးရရှိစေရန်အတွက် ရေတာရှည်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ချေးငွေ ပဉ္စမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)၏ ရည်ရွယ်ချက်များ၊ စီမံကိန်းဆောင်ရွက် ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံကိန်းတာဝန်ခံက စီမံကိန်းရန်ပုံငွေထုတ်ချေးရာ၌ လိုက်နာရမည့်စည်းကမ်းချက်များနှင့် အတိုးနှုန်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံဝန်ထမ်းများ ၏ ကြီးကြပ်မှုဖြင့် ရေတာရှည်ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်းကော်မတီဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၁၀၆ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၉ ဦး၊ အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ ၁၁ ဦး၊ စုစုပေါင်း စီမံကိန်းအသင်းဝင် ၁၂၆ ဦးအား ငွေကျပ် ၃၅ သန်းကို တစ်ဦးချင်း လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ်၊ မြောက်ချောင်ကျေးရွာအုပ်စု၊ ရေတာရှည်ကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRF)ရန်ပုံငွေများဖြင့် ကျေးရွာသူကျေးရွာသားများ တပိုင်တနိုင် အသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားလာကြောင်း ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး