ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်သည် ဩဂုတ်လ ၉ ရက်နေ့တွင် ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ပဲခူးမြို့နယ်၊ မယင်း-ပေါက်တော ကုန်ထုတ်လမ်း ဆောင်ရွက်မည့်အခြေအနေကွင်းဆင်းကြည့်ရှုကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သော “ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို အစဉ်မပြတ် ဖော်ဆောင်ရန်”နှင့်အညီ ကျေးလက်ဒေသ၏ အခြေခံလိုအပ် ချက်များဖြစ်သည့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား ဘဝမြှင့်တင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးလက် ကုန်ထုတ်လမ်း တံတား ဖောက်လုပ်ခြင်းလုပ်ငန်းများအား အဓိကလုပ်ငန်းစဉ်တစ်ရပ်အဖြစ် ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိပါသည်။
အဆိုပါ မယင်း-ပေါက်တောကုန်ထုတ်လမ်းအား သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အချိန်မီ ပြီးစီးနိုင်ရေး ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။