Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျွန်းစုမြို့နယ် ကပကျေးရွာ၌ Smart Village စီမံကိန်း ဆောင်ရွက်နိုင်ရေး စစ်ဆေး

13 August 24

              တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခေတ်မီစံပြကျေးရွာများဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကပကျေးရွာ၌ Smart Village စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာအခြေခံအဆောက်အုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဩဂုတ်လ ၁၀ရက်‌နေ့ နံနက်ပိုင်က တာဝန်ရှိသူများ ကွင်းဆင်းခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုးနှင့် တာဝန်ရှိသူများက ကပကျေးရွာ၌ Smart Village စီမံကိန်းရန်ပုံငွေ ကျပ် ၄၇ ဒသမ၅သန်းဖြင့် ကျေးရွာတွင်းလမ်းအရှည်ပေ ၄၁၀ အကျယ် ကိုးပေ အမြင့် ခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း၊ အလျားပေ ၄၀၊ အနံ ၂၄ပေ၊ အမြင့် ၁၁ပေရှိ ဘက်စုံသုံး ခန်းမတည်ဆောက်ခြင်းနှင့် အလျား ကိုးပေ၊ အနံ ခုနစ်ပေ၊ အမြင့် ခြောက်ပေရှိ အမှိုက်မီးရှို့ကန် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြေနေရာရရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကျေးရွာစီမံကိန်းကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင် ကျွန်းစုမြို့နယ် ကပကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း Smart Villageဖြင့် ကျေးရွာအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၂၄၀၊ လူဦးရေ ၁၂၇၃ဦးတို့၏ လူနေမှုအဆင့်အတန်းမြင့်မားလာမည်ဖြစ်ကြောင်း မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုးက ပြောပြ၍ သိရသည်။