ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးယဉ်မင်းဦး(လက်ထောက်ညွှန်ကြားရေးမှူး-နည်းပညာ)နှင့်ဝန်ထမ်းများသည် (၀၉.၀၈.၂၀၂၄)ရက်နေ့တွင် ကွင်းကြီးကျေးရွာအုပ်စု၊သံအိုးကင်းကျေးရွာတွင် VDPစီမံကိန်းဖြင့်ဆောင်ရွက်လျက်ရှိသော ကျောက်ရောမြေနီခင်းခြင်းနှင့် ကျောက်ဘောင်စီခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ အဆိုပါစီမံကိန်းလုပ်ငန်းမှာ(၈၅)ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး မြို့နယ်ဦးစီးမှူးမှ လုပ်ငန်းအရည်အသွေးကောင်းမွန်ရေး အလေးထား၍ ဂရုစိုက်ဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။