အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ အင်္ဂပူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် ဆောင်ရွက်သည့် ကျောက်ဆောင်ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၇၀၀ပေx ၈ပေ x၆လက်မ)အားနိုင်ငံတော််ထောက်ပံ့ငွေ ကျပ်သိန်း တစ်ရာ့ငါးဆယ်တိတိ နှင့်ပြည်သူထည့်ဝင်ငွေ ကျပ်သိန်းသုံး ဆယ် စုစုပေါင်းကျပ်သိန်းတစ်ရာ့ ရှစ်ဆယိ ဖြင့်ဆောင်ရွက်လျှက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၃၀ % လုပ်ငန်းဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်းနှင့် လုပ်ငန်းများ ပြီးစီးပါက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်၍ အိမ်ခြေ ၅၈အိမ်ထောင်စု ၆၂လူဦးရေ ၂၄၉ဦးတို့၏ ပညာရေး၊စီးပွား၊လူမူရေးတို့အား အကျိုးပြုမည်ဖြစ်ကြောင်းသိရှိရပါသည်။