Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ငပုတောမြို့နယ် စီမံကိန်းလုပ်ငန်းများအား တိုင်းဦးစီးမှူး ကွင်းဆင်းကြည့်ရှုစစ်ဆေး

08 August 24

ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးနေထက်ရှိန် သည် ဩဂုတ်လ(၇)ရက်နေ့ ၊နေ့လည်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်သည့် ရေကျော်အောက်ကျေးရွာ၌ Smart Village စီမံကိန်းအား ကွင်းဆင်းစစ်ဆေးစဉ် ကျေးရွာရှိ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတက်ရောက်၍ အရိပ်ရပင် များအား  ဒေသခံများနှင့် အတူစုပေါင်းစိုက်ပျိုးပြီး ဒေသခံရွာသူရွာသားများအား စိုက်ပျိုးသစ်ပင်များရှင်သန်ရေး ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားပြီး ကျေးရွာရှိ ဘက်စုံသုံးခန်းမအမိုးနှင့် မျက်နှာကျက်များ ပေါက်နေမှုအား ကြည့်ရှုစစ်ဆေး၍ အမြန်ပြန်လည်ပြုပြင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ထို့နောက် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် ကျုံကူးကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့်မြစိမ်းရောင်စီမံကိန်းအတိုးရငွေတို့ဖြင့် အမြင့်တင်ရေစင်တည်ဆောက်ခြင်းလုပ်ငန်း နှင့် ပြည်ထောင်စုရန်ပုံငွေဖြင့် ကောင်းမြတ်ခန့်ညားကုမ္ပဏီ မှ တာဝန်ယူဆောင်ရွက်မည့် ရေပေးရေးပိုက်လိုင်းသွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ပစ္စည်းများ စုဆောင်းထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ဆက်လက်ပြီး ယခုဘဏ္ဍာရေးနှစ်တွင်  တိုင်းဒေသကြီးရန်ပုံငွေဖြင့် ခွန်းဆက်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် ပျဉ်းမကွင်း+မြစ်ကျိုး ဆိပ်ခံတံတားတည်ဆောက်ခြင်းလုပ်ငန်း ပစ္စည်းများစုဆောင်းထားခြင်းအား ကြည့်ရှုပြီး     သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီဆောင်ရွက်ရန်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။