Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် လယ်ဦးစုကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့်ဆောင်ရွက်သော ကျေးရွာတွင်း ကွန်ကရစ်ဘီးနင်းလမ်းခင်းခြင်းဆောင်ရွက်နေသည့်သတင်း

07 August 24

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်မှ  ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာ (၁၀)ရွာ အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး အဆိုပါကျေးရွာများအနက် သရောဂျီ ကျေးရွာအုပ်စု၊ လယ်ဦးစု ကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်ဘီးလမ်း ၂ x(၉၀၀'-၀"x၃'-၀"x၀'-၆") နှင့် ရေသန့်စင်စနစ် တပ်ဆင်ခြင်းလုပ်ငန်းကို နိုင်ငံတော်ထောက်ပံ့ငွေ ကျပ် (၁၅.၀၀၀)သန်း၊ ပြည်သူထည့်ဝင်ငွေ (၂.၂၂)သန်း စုစုပေါင်း (၁၇.၂၂)သန်းဖြင့် လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလုပ်ငန်းကို (၁၀.၆.၂၀၂၄) ရက်နေ့တွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး (၁၅.၇.၂၀၂၄) ရက်နေ့တွင် ခရိုင်ဦးစီးမှူး ဦးသန်းလွင်၊ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ခံအင်ဂျင်နီယာများမှ ကွင်းဆင်း၍ လုင်ငန်းများ သတ်မှတ်ကာလတွင် အချိန်မီပြီးစီးစေရေး၊ သတ်မှတ် စံချိန်စံညွှန်းနှင့် ပြည့်မီစွာ ဆောင်ရွက်နိုင်ရေးတို့ကို အထူးအလေးထား ဆောင်ရွက် သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။