တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ တစ်လုံးထိုးဒီဇယ်အင်ဂျင်စက်ပြင် သင်တန်းဆင်းပွဲကို ယမန်နေ့က ကမ်းကြီးကျေးရွာအုပ်စု ကမ်းကြီးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဆန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာက သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဆန်းဝင်းနှင့် တာဝန်ရှိသူများက သင်တန်းသား ထူးချွန်ဆု၊ သင်တန်းဆင်းလက်မှတ်များ၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော စံပြဆုတို့ကို ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက အဆိုပါကျေးရွာစာကြည့်တိုက်အတွက် သုတရသစာအုပ်များအား ထောက်ပံ့ပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ သင်တန်းကို ဇူလိုင်လ(၁)ရက်နေ့မှ ဇူလိုင်လ(၃၁)ရက်နေ့ထိ (၁)လကြာ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပြီး အဆိုပါကျေးရွာအုပ်စုအတွင်းမှ စိတ်ပါဝင်စားသည့် သင်တန်းသား(၂၀)ဦး တက်ရောက်သင်ယူခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမှုလျော့ချစေရန်နှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝမြင့်မားလာစေရန်အတွက် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။