Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ထားဝယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာန အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ

05 August 24

      တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ(၁)ရက်နေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          ပထမဦးစွာ တနင်္သာရီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး ထားဝယ်ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ကျင်းပခြင်းမှ ရရှိလာမည့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး ထားဝယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူးက အဆင့်မြင့်စက်ချုပ်သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို သင်တန်းသူများထံ လွှဲပြောင်းပေးအပ်ပါသည်။ အဆိုပါသင်တန်းကို ကျွမ်းကျင်နည်းပြဆရာမများက စာတွေ့  လက်တွေ့ဖြင့် ဩဂုတ်လ(၁)ရက်နေ့မှ အောက်တိုဘာလ(၁)ရက်နေ့ထိ (၂)လကြာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။