Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

GIS နည်းပညာလက်တွေ့အသုံးပြုနည်းသင်တန်း(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကျင်းပ

30 July 24

GIS နည်းပညာလက်တွေ့အသုံးပြုနည်းသင်တန်း(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၃၀

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးစီးဌာန ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မြေပုံများရေးဆွဲ ရာတွင် လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ GIS နည်းပညာလက်တွေ့အသုံးပြုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပါသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီလာစိုးက သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသည့် သင်တန်းသား သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကြပါသည်။

အဆိုပါ GIS နည်းပညာလက်တွေ့အသုံးပြုနည်းသင်တန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများမှ (၂၉)ဦး တက်ရောက်ကြပြီး သင်တန်းကို ဇူလိုင်လ ၂၉ ရက်နေ့မှ ရက်နေ့မှ ဩဂုတ်လ ၂ ရက်နေ့အထိ ၅ ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။