Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် မရဲ့အုန်းပင်စုကျေးရွာ၌ ဆောင်ရွက်နေသည့် လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်‌နေမှုအား ကွင်းဆင်းစစ်ဆေး

26 July 24

မော်လမြိုင်ကျွန်း                                                    ဇူလိုင်လ ၂၆
         ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊‌ မော်လမြိုင်ကျွန်းမြို့နယ် ‌‌မရဲ့အုန်းပင်စုကျေးရွာအုပ်စု၊ မရဲ့အုန်းပင်စုကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်‌သည့် လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  မော်လမြိုင်ကျွန်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦး‌ေကျာ်ကျော်နိုင်၊မြို့နယ်စီမံကိန်းတာဝန်ခံဝန်ထမ်းများက မရဲ့အုန်းပင်စုကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ  လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်‌ နေမှု အခြေအနေအား စစ်ဆေးခဲ့ကြပြီးနောက် မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်မှ ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များအား လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းအား အကျိုးရှိစွာတန်ဖိုးထားအသုံးပြုကြရန်နှင့်  ရေရှည်အသုံးပြုနိုင်ရန်ပြုပြင်ထိန်းသိမ်းရမည့် နည်းလမ်းများအား အကြံပြုပြောကြားခဲ့သည်။
         မရဲ့အုန်းပင်စုကျေးရွာ လျှပ်စစ်မီးသွယ်တန်းခြင်းလုပ်ငန်းသည် ၄၀၀ဗို့အားလိုင်း ၄၂၀၀ပေ ဖြစ်ပြီး  မြစိမ်းရောင်စီမံကိန်း အတိုးရငွေကျပ်(၁၂.၅၀)သန်း၊‌ေဒသဖွံ့ဖြိုး‌ရေးရန်ပုံ‌ငွေကျပ်(၁၉)သန်း၊ ပြည်သူထည့်ဝင်‌ငွေကျပ်(၂၃.၂၂)သန်း၊ စုစုပေါင်းငွေကျပ်(၅၄.၇၂)သန်း ဖြင့် ဇူလိုင်လ ၁ရက်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၇၅ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးသွားပါက ကျေးရွာရှိ အိမ်ထောင်စု ၉၅ စု၏ လူဦးရေ  ၃၇၀ဦးတို့သည် အဆိုပါလျှပ်မီးအားအသုံးပြု၍ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးလာမည်ဖြစ်ကြောင်း ‌မော်လမြိုင်ကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။