ကျောင်းကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော အနောက်ကျွဲလမ်းကျေးရွာကုန်ထုတ်လမ်းအား ကွင်းဆင်းစစ်ဆေးခဲ့၍ ဆောင်ရွက်ပြီးလုပ်ငန်းအပေါ်ရေရှည်တည်တံ့နိုင်ရေး လမ်းကော်မတီနှင့် ကျေးရွာသူ/သားများမှ ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်မှ ၂၅.၀၇.၂၀၂၄ ရက်နေ့တွင် ဆွေးနွေးပြောကြားခဲ့ပါသည်။