Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မအူပင်မြို့နယ်၊လေးအိမ်စုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေးခြင်း

24 July 24

မအူပင် ဇူလိုင်လ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သော   မြစိမ်းရောင်ကျေးရွာစီမံကိန်း    ရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ၊မွေးမြူရေးလုပ်ငန်းများဖြင့် မိသားစုဝင်ငွေတိုး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် လေးအိမ်စုကျေးရွာအုပ်စု လေးအိမ်စုကျေးရွာ၌ ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကိုဇူလိုင်လ၂၄ ရက်နေ့တွင် အဆိုပါကျေးရွာ   ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ပြုလုပ်ခဲ့ကြောင်းသိရသည်။  ရှေ့ဦးစွာ မအူပင်မြို့နယ်     ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန    မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေသည်  ကျေးရွာပိုင်အများပိုင်ငွေကြေးတစ်ရပ် ဖြစ်ကြောင်း၊ ရန်ပုံငွေကို    ကျေးရွာလူထုက   ကိုယ်တိုင်စီမံခန့်ခွဲပိုင်ခွင့်ရှိသဖြင့် ကျေးရွာကော်မတီနှင့် အသင်းသားအသင်းသူများ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း စီမံကိန်းရန်ပုံငွေမှ ဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်နိုင်သောကြောင့်ဆင်းရဲမှုကိုလျော့ချလာနိုင်မည်ဖြစ်သည့်အပြင်တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း    ရှင်းလင်းပြောကြားခဲ့ပြီး   ရန်ပုံငွေကျပ် ၃၀၀ သိန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့များထံသို့   လွှဲပြောင်းပေးအပ်ခဲ့ပါသည်။   ထို့နောက်   မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမနားကီးနှင့် စီမံကိန်းတာဝန်ခံများက      လေးအိမ်စုကျေးရွာ    စိုက်ပျိုးရေးလုပ်ငန်း   လုပ်ကိုင်သူ ၇၇ ဦး ၁၇.၀၅ သန်း မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၉ ဦး ၁.၈သန်း ရေလုပ်ငန်း လုပ်ကိုင်သူ ၅ ဦး ၀.၉၅ သန်း အရောင်းအဝယ်လုပ်ကိုင်သူ ၃၉ ဦး ၈.၄၅ သန်း  သက်မွေးလုပ်ငန်းလုပ်ကိုင်သူ ၉ ဦး ၁.၇၅ သန်း စုစုပေါင်း အသင်းသူအသင်းသား ၁၃၉ ဦးကို ငွေကျပ် ၃၀၀ သိန်း ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။