ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရရှိငွေ၏ ၅၀ရာခိုင်နှုန်းဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်း ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက သခွတ်ကုန်း ကျေးရွာ၌ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဦးနေလွင်ထွဏ်းနှင့် အင်ဂျင်နီယာဝန်ထမ်းများသည် သခွတ်ကုန်းကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါသည်။