Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်း

23 July 24

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင် ၊ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက ညောင်ချောင်းကျေးရွာအုပ်စု၊ချောင်းဦးကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်သည်။

          ပထမဦးစီးစွာ ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ၂၀၂၄-၂၀၂၅ခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ချောင်းဦးကျေးရွာ တွင် နိုင်ငံတော်ပံ့ပိုးရန်ပုံငွေကျပ်သိန်း(၁၅၀)နှင့် ပြည်သူထည့်ဝင်များဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းစီမံကိန်းကို ကျေးရွာသူ/သား များက တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ရမည့် စီမံကိန်းဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။

          ထို့နောက် စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကော်မတီများဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ ကျေးရွာမှဆောင်ရွက်ရမည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက်ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြ သော ကျေးရွာသူ/သားများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အမှန်တကယ်‌ဆောင်ရွက်နိုင်မည့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ(၇)ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။