Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပုလောမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

12 July 24

     တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန် ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ဇူလိုင်လ (၁၂)ရက်နေ့က ပုလောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သည်။

          ပထမဦးစွာ ပုလောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး ပုလောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက သင်တန်းသူများအနေဖြင့် သင်တန်းက သင်ကြားပို့ချသည့် အခြေခံစက်ချုပ်သင်တန်းနှင့် ပတ်သက်သည့် အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိအသုံးချကာ မိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

          ထို့နောက် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက သင်တန်းသူများကို သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပါသည်။ အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို ပုလောမြို့နယ်အတွင်းရှိကျေးရွာများမှ သင်တန်းသူ တစ်ဆယ့်ငါးဦးတက်ရောက်ကြပြီး သင်တန်းမှ အခြေခံစက်ချုပ်၊ လက်ချုပ်၊ လုံချည်ချုပ်နည်း၊ ကြယ်သီးဖောက်နည်း၊ ကလေးဘောင်းဘီ၊ ကလေးအင်္ကျီ၊ အမျိုးသမီးဝတ်ရင်ဖုံးအင်္ကျီ စသည့် အပ်ချုပ်နည်း အမျိုးမျိုးကို ကျွမ်းကျင်နည်းပြဆရာများက စာတွေ့ လက်တွေ့ နှစ်မျိုးဖြင့် နှစ်လအကြာ အခမဲ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။