မိုးကောင်းမြို့နယ်အောင်သာကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှု ကော်မတီဖွဲ့စည်း(၄.၇.၂၀၂၄)ရက်နေ့ထုတ်ရတနာပုံသတင်းစာ
မိုးကောင်း၊ဇူလိုင် ၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့်ကြီးကြပ် မှုကော်မတီဖွဲ့စည်းခြင်းကို ဇူလိုင် ၃ ရက်နေ့လယ်ပိုင်းက အောင်သာကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း က မြစိမ်းရောင်ကျေးရွာစီမံကိန်း ရည်ရွယ်ချက်များ၊ သဘောသဘာဝများ၊ လုပ်ငန်းစင်အဆင့်ဆင့် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းသည်။
ဆက်လက်၍ မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်မြစိမ်းရောင် စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများကကော်မတီဖွဲ့စည်းရာတွင်လိုက်နာရမည့်စည်းကမ်းချက်များနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော ကျေးရွာသူ/သားများက မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီဝင် ခုနှစ်ဦးကို အများသဘောဆန္ဒနှင့် အညီ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
မိုးကောင်းမြို့နယ်အောင်သာကျေးရွာ၌ ယခုဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း၃၀၀ကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊မွေးမြူရေး၊အရောင်းအဝယ်လုပ်ငန်းနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း
မိုးကောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်း ထံမှသိရသည်။
(၄.၇.၂၀၂၄)ရက်နေ့ထုတ်ရတနာပုံသတင်းစာ စာမျက်နှာ(၂၇)၊ကော်လံ(၅/၆)တွင်ပါရှိသည်။