Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ချောက်မြို့နယ် ရေလာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း စစ်ဆေး

10 July 24

ချောက်မြို့နယ် ရေလာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း စစ်ဆေး

******************************************************************************
ချောက် ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်


                ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင် နိုင်စေရန်နှင့် အတိုးနှုန်းသက်သာသည့်ငွေကြေးအရင်းအနှီးများ ရရှိစေရန်ရည်ရွယ်၍ စွယ်ပေါက္ကံ ကျေးရွာအုပ်စု၊ ရေလာကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက် နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်၊ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်ပြည့်ဖူးငုံနှင့်ဝန်ထမ်းများက ရေလာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားမှုနှင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြားချက်များအတိုင်းလိုက်နာ ဆောင်ရွက်ထားမှု ရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးကအရင်းအတိုးငွေ များကို သတ်မှတ်ရက်အတွင်း ပေးသွင်းကြရန် မှာကြားခဲ့သည်၊၊ရေလာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ မတည်ရန်ပုံငွေကျပ်သိန်း ၃၀၀ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာလက်ရှိတွင် စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ ၅၆ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၇၆ဦး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး၊ စုစုပေါင်း အသင်းသား၊အသင်းသူ ၁၃၃ ဦးကို ရန်ပုံငွေကျပ်သိန်း ၅၁၀ ထိ ထုတ်ချေးပေးထားကြောင်း ချောက်ခရိုင်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မေသက်နိုင်ထံမှ သိရသည်၊၊


နော်လူး