Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကြံခင်းမြို့နယ် သောကြာဒူးကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း စတုတ္ထအကြိမ် ရန်ပုံငွေထုတ်ချေးခြင်း

10 July 24

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်၊ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများအပြင် မိသားစု ဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် သောကြာဒူးကျေးရွာအုပ်စု၊သောကြာဒူးကျေးရွာ၌ စတုတ္တအကြိမ် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ထုတ်ချေးခြင်းကို ဇူလိုင်လ၄ရက်နေ့က သောကြာဒူးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးယဉ်မင်းဦးမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းရန်ပုံငွေသည် ကျေးရွာလူထုမှ ကိုယ်တိုင်စီမံခန့်ခွဲလျက်ရှိသဖြင့် ကျေးရွာကော်မတီနှင့် အသင်းသား/သူများ၏ စွမ်းဆောင်ရည်တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်းနှင့် စီမံကိန်းရေရှည်တည်တံ့ခိုင်မြဲစေရေးတို့ကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပါသည်။မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ကျေးရွာကော်မတီဝင်များနှင့် အတူ စီမံကိန်းရန်ပုံငွေများကို တစ်ဦးချင်းစနစ်တကျထုတ်ချေးပေးခဲ့ကြောင်း သိရှိရပါသည်။