Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

လပွတ္တာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်(VDP)ရေးဆွဲနည်း သင်တန်းဖွင့်လှစ်

23 June 24

လပွတ္တာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေးရွာ (၈)ရွာမှ သင်တန်းသူ/သားများအား လပွတ္တာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်း သင်တန်းအား( ၁၂.၆.၂၀၂၄ )မှ ( ၁၆.၆.၂၀၂၄ )ရက်နေ့ထိ ( ၅ )ရက်ကြာ သင်တန်းဖွင့်လှစ် သင်ကြားလျက်ရှိပါသည်။ အဆိုပါကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်ရေးဆွဲနည်းသင်တန်းအား ဖွင့်လှစ် သင်ကြားခြင်းအားဖြင့် ကျေးရွာများမှ မိမိတို့ကျေးရွာ၏ ပကတိလိုအပ်ချက်များ၊ ဖွံ့ဖြိုးရေး လိုအပ်ချက်များအား သိရှိပြီး မိမိတို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမို စနစ်တကျ ပူးပေါင်းပါဝင်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။