Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့ါ ကုန်ထုတ်လမ်းများပေါ် သီးပင်၊စားပင်များစိုက်ပျိုးခြင်း

09 July 24

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ၂၀၂၃-၂၀၂၄ခု၊ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် တင်းကုတ်ကြီးကျေးရွာအုပ်စု၊ တင်းကုတ်ကြီးကျေးရွာ ကုန်ထုတ်လမ်းတွင် သီးပင်၊စားပင်စိုက်ပျိုးခြင်းအား မြို့နယ်ဦးစီးမှူးမှ ကြီးကြပ်၍ ဝန်ထမ်းများ စနစ်တကျစုပေါင်း စိုက်ပျိုးခဲ့ပါသည်။

          အဆိုပါ တင်းကုတ်ကြီးကျေးရွာအုပ်စု၊ တင်းကုတ်ကြီးကျေးရွာကုန်ထုတ်လမ်းတွင် ကြောင်လျှာ (၂၀)ပင်၊သရက်(၂၀)ပင်၊ဇီးဖြူ(၂၀)ပင်၊ပိန္နဲ(၁၀)ပင်၊ ပေါက်ပန်းဖြူ(၁၅၀)ပင်၊ ဒန့်သလွန်(၁၀၀)ပင်၊ သခွပ် (၁၅၀)ပင်၊မန်ကျည်း(၂၃)ပင်၊ စုစုပေါင်းသီးပင်(၇၀)ပင်နှင့် စားပင်(၃၅၃)ပင်၊ အပင်စုစုပေါင်း(၄၂၃)ပင် စိုက်ပျိုးခဲ့ ကြောင်း  သိရှိရပါသည်။