Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြန်အောင်မြို့နယ် သရက်ကုန်းကျေးရွာ၌ မြစိမ်းရောင်‌ကျေးရွာ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် လုပ်ငန်းကော်မတီအဖွဲ့ ဖွဲ့စည်း

09 July 24

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာ‌ရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ရန် အတွက် ဆန်နီချောင်ကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း နှင့် လုပ်ငန်း အဖွဲ့ဝင်များ ဖွဲ့စည်းခြင်း ကို ဇူလိုင် ၂ ရက်နံနက်ပိုင်းက သရက်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်အေးအေးလှိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ ၊ စီမံကိန်းမှရရှိလာမည့် အကျိုးကျေးဇူးများ ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်း ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက် များနှင့် လုပ်ငန်းအဖွဲ့ဝင်များ၏ တာဝန်များ ကိုဆွေးနွေး ပြောကြားသည်။

          ထိုနောက် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာသူ ၊ ကျေးရွာသားများ၏ သဘောဆန္ဒ နှင့်အညီ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်ခုနှစ်ဦးကို စနစ်တကျ ရွေးချယ် ဖွဲ့စည်း ပေးခဲ့သည်။

          မြန်အောင်မြို့နယ် ဆန်နီချောင်ကျေးရွာအုပ်စု သရက်ကုန်းကျေးရွာတွင် အိမ်ခြေ ၁၀၅ အိမ်၊ အိမ်ထောင်စု ၁၁၅ စု ၊ လူဦးရေ ၂၇၃ဦးရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သိန်း ၃၀၀ ကိုပံ့ပိုး ပေးသွား မည် ဖြစ်ကြောင်းသိရသည်။