သရက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်လှစ်
****************************************************************************************
သရက် ဇူလိုင် ၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဖွင့်ပွဲကို ဇူလိုင် ၈ရက် နံနက်ပိုင်းက သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး(နည်းပညာ) ဒေါ်နှင်းနှင်းအေးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယုနိုင်လင်းက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်းနှင့် သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာက သင်တန်းသားများကိုသင်တန်းတွင် ပို့ချမည့်သင်ခန်းစာ များကို ကြိုးစားလေ့လာသင်ယူစေလိုကြောင်းနှင့် သင်တန်းတွင်လိုက်နာရမည့် စည်းကမ်းချက် များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် သရက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ဦးရေ ၂၀ တက်ရောက်ကြကာ သင်တန်းကို ဇူလိုင် ၈ရက်မှ ဇူလိုင် ၂၂ရက်နေ့ထိ ၁၅ရက်ကြာ စာတွေ့လက်တွေ့ဖြင့် အခမဲ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လူ