Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မအူပင်မြို့နယ် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်း ပေးအပ်ခြင်းအခမ်းအနားကျင်းပခြင်း

09 July 24

မအူပင် ဇူလိုင်လ ၀၉

မအူပင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ခု  ဘဏ္ဍာရေးနှစ်တွင်    အကောင်အထည်ဖော်ဆောင်ရွက်မည့်   ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း    (VDP) နှင့်       မြစိမ်းရောင်ကျေးရွာစီမံကိန်း        ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်း

အခမ်းအနားအားဇူလိုင်လ ၀၉ ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင်    မအူပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး   သင်တန်းခန်းမတွင်   ကျင်းပပြုလုပ်ခဲ့ရာ မအူပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး

ဦးစီးဌာန ခရိုင်ဦးစီးမှူး  ဦးအောင်ကျော်ဦးမှ   အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊    မအူပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ     ဦးတိုးတိုးဝင်း မှ    အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် 

အကောင်အထည်  ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ကျေးရွာ(၈)ရွာ နှင့်     မြစိမ်းရောင်ကျေးရွာစီမံကိန်း      ကျေးရွာ(၁)ရွာမှ ကျေးရွာကော်မတီများထံသို့ အခမ်းအနားသို့ တက်ရောက်

လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ရန်ပုံငွေများ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။