ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဇူလိုင် ၇ရက်နေ့တွင် အတွင်းရေကျော်ကျေးရွာအုပ်စု အတွင်း ရေကျော်ကျေးရွာ၌ ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)လုပ်ငန်းဖြင့် အတွင်းရေကျော်ကျေးရွာ၌ နိုင်ငံတော်ခွင့်ပြုငွေကျပ်သိန်း၁၅၀နှင့် ကျေးရွာပြည်သူ ထည့်ဝင်ငွေတို့ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများမှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီများရွေးချယ်ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာမှဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသော ကျေးရွာသူ၊ကျေးရွာသားမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အမှန်တကယ် ဆောင်ရွက်နိုင်မည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီဝင်(၇)ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ပေးခဲ့ပါသည်။