Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကော့မှူးမြို့နယ် ပျားမွှတ်ကျေးရွာ ၌ မြစိမ်းရောင်‌ကျေးရွာ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်း နှင့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်း

08 July 24

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာ‌ရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်ရန် အတွက်ပျားမွှတ်ကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း နှင့် လုပ်ငန်း အဖွဲ့ဝင်များ ဖွဲ့စည်းခြင်း ကို ဇူလိုင် ၅ ရက်နံန်က်ပိုင်းက ပျားမွှတ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပပြုလု်ပခဲ့သည်။

          ရှေးဦးစွာ တွံ့တေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးဝင်းထွန်းနိုင်က အမှာစကား ပြောကြားပြီး ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ ၊ စီမံကိန်းမှရရှိလာမည့် အကျိုးကျေးဇူးများ ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်း ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက် များနှင့် လုပ်ငန်းအဖွဲ့ဝင်များ၏ တာဝန်များ ကိုဆွေးနွေး ပြောကြားသည်။

          ထိုနောက် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာသူ ၊ ကျေးရွာသားများ၏ သဘောဆန္ဒ နှင့်အညီ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်ခုနှစ်ဦးကို စနစ်တကျ ရွေးချယ် ဖွဲ့စည်း ပေးခဲ့သည်။

          ကော့မှူးမြို့နယ် ပျားမွှတ်ကျေးရွာ အုပ်စု ပျားမွှတ် ကျေးရွာတွင် အိမ်ခြေ ၁၀၉ အိမ်၊ အိမ်ထောင်စု ၁၂၆ စု ၊ လူဦးရေ ၄၂၃ဦးရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သိန်း ၃၀၀ ကိုပံ့ပိုး ပေးသွား မည် ဖြစ်ကြောင်းသိရသည်။