မိုးညှင်းမြို့နယ်သာယာကုန်းကျေးရွာ၌ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းအပါအဝင် အခြားစီမံကိန်းလုပ်ငန်းများ မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကျေးရွာကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ(၅.၇.၂၀၂၄)ရက်နေ့မြဝတီရုပ်မြင်သံကြားသတင်းနံနက်(၁၀)နာရီ
မိုးညှင်း၊ဇူလိုင် ၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့်ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်းအပါအဝင် အခြားစီမံကိန်းလုပ်ငန်းများမိတ်ဆက်ရှင်းလင်းခြင်းနှင့်ကျေးရွာကော်မတီဖွဲ့စည်းခြင်းအခမ်း အနားကို ဇူလိုင်လ ၄ ရက် နံနက် (၁၀)နာရီအချိန်ကသာယာကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းကအမှာစကားပြောကြားပြီးမြို့နယ်ဦးစီးမှူးဦးဌေးမြင့်က ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း၊ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းများ ဆောင်ရွက်မည့်အစီအစဉ်များနှင့်ပတ်သက်၍မိတ်ဆက်ရှင်းလင်းပြောကြားသည်။
ဆက်လက်၍သာယာကုန်းကျေးရွာတွင်အကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာစီမံကိန်း
လုပ်ငန်းများဖြစ်သည့် ခေတ်မီစံပြကျေး ရွာထူထောင်ရေးစီမံကိန်း၊ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဝန်ထမ်းများက Power Point ဖြင့် အသီးသီးမိတ်ဆက်ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသည့်ကျေးရွာသူ/သားများက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကိုဦးတည်အုပ်စုများအလိုက်ကျေးရွာတွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးစီမံချက်များဖြင့် ရွေးချယ်အတည်ပြုခဲ့ကြပြီး သက်ဆိုင် ရာတာဝန်ရှိသူများကစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းကဏ္ဍတစ်ခုချင်းစီအလိုက် ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်းနှင့် ၎င်းကျေးရွာတွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံ ကိန်းများမှ ကျေးရွာကော်မတီဖွဲ့စည်းခြင်းများကိုရွေးချယ်တင်မြောက်ခဲ့ကြကြောင်းသိရသည်။
(၅.၇.၂၀၂၄)ရက်နေ့မြဝတီရုပ်မြင်သံကြားသတင်းနံနက်(၁၀)နာရီသတင်းတွင်ပါရှိသည်။