Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ခုဘဏ္ဍာရေးနှစ် Smart Village စီမံကိန်းနှင့် RBF စီမံကိန်း စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်ခြင်း

08 July 24

 

        ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် Smart Village စီမံကိန်းနှင့် RBFစီမံကိန်း မိတ်ဆက်ရှင်းလင်း ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအား (၄.၇.၂၀၂၄)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါစီမံကိန်းအား ကဝမြို့နယ်၊ မကျက်ကြီးကျေးရွာတွင် Smart Village စီမံကိန်းနှင့် RBFစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအား ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်းဦးစီးမှူးနှင့်တာဝန်ခံဝန်ထမ်းများ၊ ကဝမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကဝမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်တာဝန်ခံဝန်ထမ်းများ နှင့် မကျက်ကြီးကျေးရွာအတွင်းရှိ ကျေးရွာသူ/သားများ တက်ရောက်ကြပါသည်။ ဆက်လက်၍ ပဲခူးခရိုင်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ကဝမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စီမံကိန်းအားမိတ်ဆက် ရှင်းလင်းပြောကြားခဲ့ပါသည်။