ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့ နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ကန်ညီနောင်ကျေးရွာ၌ကျင်းပခဲ့သည်။
ဦးစွာခရမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်ထားထားနိုင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအကြောင်းအရာများ၊ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ် များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများကကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အမှန်တကယ် ဆောင်ရွက် နိုင်မည့် ကျေး ရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဝင်ခုနှစ်ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ပေးခဲ့ကြသည်။
ကန်ညီနောင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာပြည်သူထည့်ဝင်ငွေများကိုအသုံးပြုကာ ဦးစီးဌာနဝန်ထမ်းများ၏နည်းပညာပံ့ပိုးမှု၊ အနီး ကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာမှရွေးချယ်ထားသော ကျေးရွာတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာ သူ ကျေးရွားသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။