Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မိုးညှင်းမြို့နယ်အတွင်းစားသုံးဆီဖူလုံမှုရှိစေရေးဆီစက်လုပ်ငန်းရှင်များလုပ်ငန်းလည်ပတ်ထားခြင်းရှိမရှိ တာဝန်ရှိသူများမှကွင်းဆင်းစစ်ဆေး ( ၂၄.၆.၂၀၂၂)ရက်နေ့ မြဝတီရုပ်သံသတင်း၊နံနက်(၀၉:၀၀)

24 June 24

မိုးညှင်းမြို့နယ်အတွင်းစားသုံးဆီဖူလုံမှုရှိစေရေးဆီစက်လုပ်ငန်းရှင်များလုပ်ငန်းလည်ပတ်ထားခြင်းရှိမရှိ တာဝန်ရှိသူများမှကွင်းဆင်းစစ်ဆေး ( ၂၄.၆.၂၀၂၂)ရက်နေ့ မြဝတီရုပ်သံသတင်း၊နံနက်(၀၉:၀၀)

မိုးညှင်း၊ဇွန် ၂၂

ကချင်ပြည်နယ်မိုးညှင်းခရိုင်မိုးညှင်းမြို့တွင် MSNEs ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော စိမ်းရတနာမွန်(တောင်ပိုင်း) ရပ်ကွက်ရှိ မြတ်သုခဆီစက်လုပ်ငန်းအား ဇွန်လ၂၂ ရက် နံနက်(၁၀)နာရီအချိန်က တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထွန်း ထွန်းဝင်းနှင့် ဝန်ထမ်းများ၊ဆက်စပ်ဌာနများဖြစ်ကြသည့်စားသုံးသူရေးရာဦးစီးဌာန၊ သမဝါယမ ဦးစီး ဌာန၊အသေးစားစက်မှုလက်မှုဦးစီးဌာနတို့မှတာဝန်ရှိသူများနှင့်အတူမိုးညှင်းမြို့ စိမ်းရတနာမွန် (တောင်ပိုင်း)ရပ်ကွက်တွင်ရှိသည့် မြတ်သုခဆီစက်လုပ်ငန်းအားစစ်ဆေးခဲ့ကြရာဆီစက်လုပ်ငန်းရှင် ဦးချစ်ငွေမှမြေပဲကုန်ကြမ်းသိုလှောင်ထားရှိမှုအခြေအနေများနှင့်ဆီကောင်းဆီသန့်ထွက်ရှိရန်အတွက် မြေပဲများအားရွေးချယ်သန့်စင်ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသခဲ့သည်။

ဆက်လက်၍  ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ သိရှိလိုသည်အချက်အလက်များအား မေးမြန်းဆွေးနွေး ကြကာ ဆီစက်လုပ်ငန်းရှင်၏လိုအပ်ချက်များ၊အားသာချက်များနှင့် အားနည်းချက်အား သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီးအကြံပြုဆွေးနွေးပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါမြတ်သုခဆီစက်လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် မိုးညှင်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ ဖွံ့ဖြိုးရေးချေးငွေကျပ်သိန်း ၅၀၀ အား၂၀၂၃ခုနှစ်ဇူလိုင်လ ပထမပတ်တွင်ထုတ်ချေးခဲ့ရာယခုအခါတွင် လုပ်ငန်းများလည်ပတ်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။

( ၂၄.၆.၂၀၂၂)ရက်နေ့ မြဝတီရုပ်သံသတင်း၊နံနက်(၀၉:၀၀)သတင်းတွင်ပါရှိသည်။